ကဗျာ


  မင့်အိမ်၊
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်းမင်းက မင့်အိမ်၊ လွန်သေးသိမ်ဟုမငြိမ်မသက်၊ စိက်စက် မကောင်းစိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေတည့်နေထိကြွေမည့် ပန်းယဉ်အိ။လှိုင်းအိအယောင်ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ . . .စကြောသပ်ရပ်၊ စပယ်ထပ်နှင့်ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ . . .ဝေးက မျှော်မှန်း၊ မင်းယော်ယမ်းသည်ပန်းအိနေထိ ကြွေတော့မည်။မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်မင့်အိမ် ရွှဲစို၊ အမိုးယိုသော်မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့အကာ အခင်း၊ ပျက်ပြိုယွင်းသော်မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့အခွင် အနဲ့၊ အရွဲ့ အစောင်းမကောင်း မပြေ၊ ဟောင်းထွေထွေကိုအခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍လုံ့လသက်သွင်း သစ်စေမင်း ။ ။ (ဆရာဇော်ဂျီ)
=========================================================

အိုတက်လူတို့

မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်းပျက်ယွင်းပါပကော၊ သို့စိတ်စောလျက်ဘော . . . အို ရဲသွေး၊ တက်လူကလေးတို့ငိုကြွေးသမှု၊ ပြုရုံမျှဖြင့်မပွင့်ဥာဏ်ရည်၊ လက်မလည်၍မျက်ရည်သာလျှင်၊ ရွှဲလိမ့်မည်။မြန်မာပြည်ဝယ်၊ ထီးစည်တို့မင်းပျက်ယွင်းပါပကော၊ သို့စိတ်စောလျက်ဘော . . . အို ရဲသား၊ တက်လူများတို့တရားသံဝေ၊ ယူလေရုံဖြင့်တက်ခွင်မနီး၊ ဘေးကြီးနီး၍ပုတီးအဖတ်တင် ကျန်လိမ့်မည်။အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့အမြင်ကျယ်လျှင်၊ ပညာမွေ့လော့ယနေ့ လူငယ်၊ နောင်ဝယ် လူကြီးသင်လည်းတစ်ဦး၊ သားထူးသားမြတ်ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍ငိုမြည်မတသင်္ခါရဟု၊ စိတ်ကမစောလောလောဆယ်ဆယ်၊ ဒုက္ခနယ်ကိုကယ်တင်နိုင်ကြပါစေသတည်း ။ ။ (ဆရာဇော်ဂျီ)
========================================================

သင်သေသွားသော်

သြော် . . . လူ့ပြည်လောက၊ လူ့ဘ၀ကားအိုရ နာရ၊ သေရဦးမည်မှန်ပေသည်တည့်။သို့တပြီးကား၊ သင်သေသွားသော်သင်ဖွားသောမြေ၊ သင်တို့မြေသည်အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။သင်၏မျိုးသား၊ စာစကားလည်းကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏သင်ဦးချ၍၊ အမျှဝေရာစေတီသာနှင့် သစ္စာအရောင်ဥာဏ်တန်ဆောင်လည်းပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။ ။ (ဆရာဇော်ဂျီ)
=======================================================

ညီသစ်ဆင်း

ညီသစ်ဆင်းမင်းပုဂံမှာ၊ ရောက်စခါကသရပါထင်ရှား၊ မြို့တံခါးဝယ်သွားလာဝင်ထွက်၊ ယွန်းခွက်ယွန်းအစ်ရွှန်းသစ်ယွန်းဗန်းထမ်းလာပိုးလာ၊ ပြင်လိုက်ပါ၍သရပါတံခါးဝ၊ ရှေးကာလကိုညီလှလွမ်းမိ၊ အောက်မေ့မိဟုညီ၏အဆို၊ ရှင်းစေလိုသည်အစ်ကိုချမ်းမြေ့၊ လွမ်းချင်၍။

=======================================================

ပန်းပန်လျက်ပဲ (ဇော်ဂျီ)

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။

ဇော်ဂျီ (တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
 =======================================================

ပန်းပန်လျက်ပဲ (ဇော်ဂျီ)

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။

ဇော်ဂျီ (တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)
========================================================

တို့တိုင်းပြည်

တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ် စေတီ စပါး၊ များလည်း များ၏ ။များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့်ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား လှည့်လည်သွားလျက် မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။ ။
ထလော့ မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်း များ၏ ။များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင်မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း ။ ။
ထလော့ မြန်မာ၊ မြန်မာထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူက စ၍၊ ငါက အားလုံး လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ ဤယာစပါး၊ ဘယ်သူ့ စပါးလဲ ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တစိတ်တဝမ်း ညီစေသတည်း ။ ။
========================================================

No comments:

Post a Comment