Monday, February 11, 2013

အမိ မြေ အလွမ်း

ပြည်ပတနေ၇ာမှာ exile ဘ၀နဲ့နေလာရတာ ၄ နှစ်ကျော် ၅ နှစ်အတွင်းရောက်လာခဲ့ပေမဲ့တခါမှပျော်တယ်ရယ်လို့မ၇ှိခဲ့ပါဘူး ။။ ဒီကြားထဲ ဟို က တဖက် ဒီက တဖက် အသင်းအဖွဲ့တွေ ၊ အဖွဲ့အစည်း တွေ ကြား မှာ volunteer social worker ဘ၀နဲ့ကျရာဘ၀မှာ ပျော်အောင်နေရင်း ကိုယ့်ဝမ်းကိုယ်ကျောင်း ကိုယ့်ထမင်း ကိုစားပြီး  ဒီအချိန်ဆို၇င် ငါတို့တိုင်းပြည်မှာ.....................................ဆိုတဲ့စိတ်နဲ့မှန်းဆပြီးလွမ်းနေရတဲ့ဘ၀ကို ခံစားဘူးသူတွေမှနားလည်ကြမှာပါ ။

အမှန်အတိုင်းဝန်ခံ၇ရင် အမေစုကို လဲ ချစ်ပါတယ် ။ ဒါပေမဲ့ ဘယ်သူ ဘယ်ဝါ ရယ်မှ တိုင်းပြည် ခေါင်းဆောင်အ ဖြစ် လက်ခံမယ်ဆိုတဲ့စိတ်မရှိပါဘူး။ ကိုယ့်တိုင်းပြည် တိုးတက်ကောင်းစားမယ်ဆို ရင် ဘယ် သူ့ကို မဆို တိုင်းပြည် ခေါင်းဆောင်အ ဖြစ် လက်ခံ မှာပါ ဘဲ ။

ပဲ နဲ့ အာလူးပူတီစား ၊ တခါတလေ ပိုက်ဆံ၇ှိရင် ဟမ်ဘာ၈ါစား မက်ထရို စီးပြီးမြို့ ကြီးပြ ကြီးမှာနေရ တဲ့ဘ၀ထက်စာရင် ကိုယ့်တိုင်းပြည် ၊ ကိုယ့်မြေ ၊ ကိုယ့်ရေမှာ ပဲပြုတ် ထမင်း ကြမ်းစား ပြီး လမ်းလျှောက်နေရ တဲ့ ဘ၀ ကို ပိုပြီးမြတ်နိုးပါတယ် ။

မဖြစ်နိုင်တဲ့ဘ၀ မို့ အမိမြန်မာပြည် တိုးတက်ရေးမှာ သဲတပွင့် အဖြစ် အမြဲ ပါ-၀င် ခွင့် ရနေချင်ပေမဲ့ လက်ရှိ အခြေ အနေ အရေ၇ွှပြည်တော် မျှော်တိုင်းဝေးပေါ့........................................

No comments:

Post a Comment